ပူတာအိုခရိုင်၌ အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) ဆင့်ပွားသင်တန်းပို့ချ

ပူတာအို မေ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) ဆင့်ပွားသင်တန်းပို့ချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ပူတာအိုခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချသည်။

သင်တန်းတွင် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ (CPU)အဖွဲ့ ခေါင်းဆောင် ပြည်နယ်အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ ပြည်နယ်ဆက်သွယ် ရေးလုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာ ဦးစိုးမင်းထိုက်က အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆင့်ပွားသင်တန်းပို့ချသည်။

အဆိုပါ သင်တန်သို့ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ပူတာအို/ မချမ်းဘောမြို့နယ် အဂတိ လိုက်စားမှု တားဆီးကာကွဘ်ရေးအဖွဲ့ဝင်များ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)