ဆွမ်ပရာဘွမ်မြို့နယ်၌ အ.ထ.ကကျောင်းနှင့်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ဆွမ်ပရာဘွမ် မေ ၁၁ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံ ပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်းကို မေလ(၁၁)ရက်နေ့ နံနက်၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၂၃)ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အား ဂုဏ်ပြု၍ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်ရဲမှူး ဝင်းဇော်၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဗီစီကောလ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများတို့က စိုက်ထူခဲ့ပြီး စုပေါင်း အမှတ်တရ မှတ်တမ်းပုံများ ရိုက်ကူးခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံခြင်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လူစည်ကားရာနေရာဖြစ်သည့် စည်ပင်သာယာရေးစျေးနှင့် အ.ထ.က အခြေခံပညာကျောင်းရှေ့၊ ပညာရေးရုံးရှေ့တို့တွင် ကျောင်းအပ်နှံရေး အထိမ်းအမှတ် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)