မိုးကောင်း မေ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက သတိပြုလိုက်နာရန် မုန်တိုင်းသတိပြု အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့ နေ့လယ်(၁၂)နာရီတွင် ပြသထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မုန်တိုင်းအတွက် သတိပြုလိုက်နာရန်အချက်များ၊ မုတ်သုံရာသီ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အကြံပြုချက်များ၊ အရောင်အညွှန်းနှင့် လုပ်ဆောင် ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားရမည့် အချက်များ၊ မုန်တိုင်းနှင့် ပတ်သက်သော အရောင်အဆင့် သတ်မှတ်ချက်များအား ဖော်ပြပါရှိကြောင်း သိရသည်။နံရံကပ်ပြသထားမှု အား လမ်းခရီးသွားပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)