ဟိုပင် မေ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ မုန်တိုင်းအန္တရာယ်နှင့် သတိပေးချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ မုန်တိုင်းဘေးအန္တရာယ်နှင့် မုန်တိုင်းသတိပေးချက်များကို ယနေ့မွန်းလွဲ (၁၂)နာရီက ပြသထားရှိခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မုန်တိုင်းဘေးအန္တရာယ်အတွက် သတိပြုလိုက်နာရန် အချက်များ၊ မုတ်သုန်ရာသီဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အကြံပြုချက်များ၊ မုန်တိုင်းနှင့် ပတ်သက်သော အရောင်အဆင့် သတ်မှတ်ချက်များ၊ လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်း ဖြစ်ပြီးချိန်တွင် ရှောင်ရှားရမည့် သတိပေးချက်များအား ဖော်ပြထားရှိရာ အများပြည်သူများ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး