မြစ်ကြီးနား မေ ၁၂
၂၀၂၄ ခုနှစ် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် GIS နည်းပညာ အသုံးပြု၍ သန်းခေါင်စာ ရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်း ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သန်းခေါင်စာရင်းကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် ကွင်းဆင်းဆောင်ရွက်မည့် GIS နည်းပညာ အသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မြေပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းက GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)