ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးမှုနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်နူတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ဆွမ်ပရာဘွမ်မြို့၌ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဇူလိုင်(၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက် "သွေးချင်းတို့ပျော် ရာမြေ"ဆိုင်းဘုတ်အနီး၌ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်၌ " မြန်မာအမျိုးသမီးများနေ့"ကို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ လူထုအကျိုးပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့တွင် "မြန်မာအမျိုးသမီးများနေ့" ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ လမ်းဘေး ဝဲယာတစ်လျှောက်နှင့် စုပေါင်းဂိတ်တွင်  ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ

၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို

ဝိုင်းမော်မြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

၂၀၂၃ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏ 7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပူတာအိုမြို့နယ်ပညာရေး GEC သမဝါယမအသင်းလီမိတက်မှ  အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုးများပေးအပ်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပူတာအိုမြို့နယ် ပညာရေး GEC သမဝါယမအသင်းလီမိတက်မှနှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေ ပေါ်အတိုးများပေးအပ်ခြင်းကို ဇူလိုင်(၁)ရက် မွန်းတည့်(၁၂)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

တနိုင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၂၃)ဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် ပန်းအလှဆင် ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထု‌အခြေပြုဗဟိုပြုဌာန (Community Centre)၌ တတိယအကြိမ်မြောက် ပန်းအလှဆင်/ ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။

ကာမိုင်းမြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်​ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီမှ မွန်းလွဲ (၁) နာရီထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်