ကချင်ပြည်နယ်

တနိုင်းမြို့ မူလွန်ပုန်ခုန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ၌  နယ်လှည့်စာကြည့်တိုက်‌ဟောပြောပွဲကို  ဇူလိုင်လ (၄) ရက်နေ့နံနက် ၁၀ နာရီအချိန်က ပုန်ခုန်းရပ်ကွက်၊ မူလွန်ပုန်ခုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာဟောပြော

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသောဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်းသို့ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ RC ဘုရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့ကြသည်။

မချမ်းဘောမြို့၌ အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာကျောင်း၌ ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ (၃) ရက်နေ့ နံနက် (၁၀) နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အမျိုးသမီးကော်မတီက ကြီးမှူး၍ မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ၊ ပြည်နယ်အတွင်းရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ် အမျိုးသမီးကော်မတီကကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်အတွင်းမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုးကောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ကျောင်းသား၊ ကျောင်းသူများ လမ်းသွားလမ်းလာ စနစ်တကျစည်းကမ်းရှိစွာ သွားလာတတ်စေရန်ရည်ရွယ်၍ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အခြေခံပညာအထက်တန်းကျောင်းများတွင် မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၄)ရက်နံနက်(၁၀)နာရီတွင် အ.ထ.က(၂)ကျောင်း ရတနာခန်းမဆောင်၌ ဆောင်ရွက်ကြောင်း သိရသည်။

မိုးညှင်းမြို့ ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၃ ရက်နေ့ နံနက်(၉)နာရီမှစတင်၍ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် သဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အင်ဘူးဘော့ကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်