မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

မြစ်ကြီးနား ဇူလိုင် ၄

မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးမှုနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်နူတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့ အမှတ် (၂) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးဇော်မျိုးနိုင်နှင့် ရဲအုပ်ဇော်လင်းအောင်တို့က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်းဆေးဝါးနှင့် သက်ဆိုင်သည့် ဥပေဒများ၊ ပြစ်မှု ပြစ်ဒဏ်များအား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိုမ်နှင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးသိန်းထိုက်အေး နှင့် ရဲအုပ် စိုးသူရတို့က လူမှောင်ခိုနှင့် လူကုန်ကူးမှု၏ အဓိပ္ပာယ်များ၊ လူမှောင်ခို၊ လူကုန်ကူးမှု နှင့်ဆိုင်ရာ ပြစ်မှုဆိုင်ရာ ဥပေ‌ဒေများအား ရှင်းလင်းဟောပြောကြားခဲ့သည်။

ဆက်လက်၍ မြစ်ကြီးနားမြို့ အမှတ် (၂) ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စိပ်မှ ရဲအုပ်သောင်းရွှေက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဟောပြောခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဆရာ/မများ ကျောင်းသား/သူများ အင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)