မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ဆွမ်ပရာဘွမ်မြို့၌ ကျင်းပ

ဆွမ်ပရာဘွမ်  ဇူလိုင် ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဇူလိုင်(၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက် "သွေးချင်းတို့ပျော် ရာမြေ"ဆိုင်းဘုတ်အနီး၌ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်တို့က ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များအားပျိုးပင်များပေးအပ်ပြီး တက်ရောက်လာသောဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ချင်းဒညင်း(၂၅)ပင်၊ ဒေသပိတောက်(၂၅)ပင်၊ ထင်းရှူး(၅၀)ပင်၊ ခရေ(၁၀)ပင်ပျိုးပင်ပေါင်း(၁၁၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလို စိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများအပင်၏အကျိုးကျေးဇူးရရှိခံစား နိုင်စေရန်ရည်ရွယ်စိုက်ပျိုးခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက တပျော် တပါးတက်ရောက်စိုက်ပျိုးခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)