ဝိုင်းမော်မြို့နယ်၌ (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ

ဝိုင်းမော် ဇူလိုင်

၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ဇူလိုင် (၁) ရက်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်သမဝါယမ ဦးစီးဌာနမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံစား‌သောက်ကုန်များ ဖွင့်လှစ်ရောင်းချခြင်းအခမ်းအနားကို ဝိုင်း‌မော်မြို့နယ်နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမိုးကျော်သူနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံမိဘပြည်သူများက တက်ရောက်ပြီး တက်ရောက်လာသူများအား မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များအား မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ဈေးနှုန်းချိုသာစွာဖြင့် ခင်းကျင်းရောင်းချ ပေးခဲ့ကြ သည်။

(၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး အခြေခံစား‌သောက်ကုန်များ ခင်းကျင်းရောင်းချရာတွင် ဒေသထွက် မွေးမြူရေးကြက်ဥ၊ ပဲဆီသန့်၊ ဆန် စသည့် ကုန်ခြောက်များနှင့် ဒေသထွက်သီးနှံများအား ခင်းကျင်းရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ဝယ်ယူအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြူစင် (ပြန်/ ဆက်)