ကချင်ပြည်နယ်

တနိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၈)ကျောင်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၈) ကျောင်း၌ စုပေါင်းသန့်ရှင်းရေးကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့ ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓဘာသာ တောင်တန်းသာသနာပြုကျောင်းနှင့် အထက်ရှမ်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းလေ စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာရှိ တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခတ်ချို ကျေးရွာ အထက်ပိုင်းရှိ တိုင်းလေးစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး တည်ဆောက် ဆဲခန်းမတွင် ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ဆရာတော်ကြီး(၁၀)ပါး ကြွရောက်တော်မူကာ ဦးအေးကြင် ကပြည်နယ် တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးဆန်းပွန်၊ ပြည်နယ်တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးကြင်၊ ဝိုင်းမော်မြို့နယ် တိုင်းလေ စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးခေါင်ဇယ်နှင့် ကော်မတီ ဝင်များ၊ ခတ်ချို ကျေးရွာနေ တိုင်းလေမျိုးနွယ်စုမှ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုရဝုဏ်များအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ဝှေခါကျေးရွာအနီး လုပ်ကွက်ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား/စေတီ ပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချတရားနာအခမ်းအနားကို ဇူလိုင်(၂၉)ရက် နံနက်(၉)နာရီခွဲက ပူတာအိုမြို့မြို့မရပ်ကွက်ရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့စာတိုက်ရုံးပေါ်သို့ ညောင်ပင်သစ်ကိုင်းဆက်ကျိုးကျ၍ တာဝန်ရှိသူများမှ ခုတ်ထွင်ရှင်းလင်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယမန်နေ့နံနက် (၇)နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာတိုက်ရုံးဝင်းအတွင်းရှိ ညောင်ပင်သစ်ကိုင်းဆက် ရုံးပေါ်သို့ကျိုးကျခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့နယ် မလိဒီကျေးရွာကုန်ထုတ်လမ်းတလျောက် အရိပ်ရပင်များစုပေါင်းစိုက်ပျိုး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မလိဒီကျေးရွာနေ ပြည်သူလူထုများပူးပေါင်းမှုဖြင့် ကျေးရွာကုန်ထုတ်လမ်းတစ်လျောက် အရိပ်ရပင်များစုပေါင်း စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု မလိဒီကျေးရွာ ကုန်ထုတ်လမ်း၌ စုပေါင်းစိုက်ပျိုးကြသည်။

တနိုင်းမြို့၌ မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇေယျာသီရိဘုန်း​တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများအပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသအရင်းအမြစ်ထွက် ကုန်ကြမ်းများဖြင့် One Region One Product အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်