ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်ရေစက်ချတရားနာအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ကျင်းပပြုလုပ်သည်။