ဆဒုံး ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓဘာသာ တောင်တန်းသာသနာပြုကျောင်းနှင့် အထက်ရှမ်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဂွမ်ဂျာနော်နှင့် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မိုး ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ဘုရားကြီးပရဝုဏ်အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေး လုပ်အားဒါနများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်မာဝင်း (ဆဒုံး)