ကချင်ပြည်နယ်

မိုးညှင်းမြို့၌ အသက် (၁၈) နှစ်အောက်နှင့် အရပ်လေးပေ ကိုးလက်မအောက် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် (၁၈) နှစ်အောက်နှင့် အရပ်လေးပေကိုးလက်မအောက် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲကို မိုးညှင်းတက္ကသိုလ် အားကစားကွင်း၌ ကျင်းပသည်။

မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်း ဖွင့်ပွဲကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၈ ရက် မွန်းလွဲ ၃ နာရီက မြစ်ကြီးနားတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြစ်ကြီးနားမြို့၌ လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံးဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းရှိ သိရိခန်းမ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူကအဖွင့်အမှာ စကားပြောကြားသည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် ပန္နတင်မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် အတွက် ပန္နတင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါ ရွာလည်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ချီဖွေမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (စစ်ရှောင်ကျောင်း)၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (စစ်ရှောင်ကျောင်း)၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုနှင့် လူ‌မှောင်ခိုမှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ လူငယ်နှင့်အားကစားကဏ္ဍကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်နှင့် အားကစားကဏ္ဍကျပန် စကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသား/ သူ (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗန်းမော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ နယ်စပ်‌ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်တွင် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ် စံပြကွက်အား ဓာတ်မြေသြဇာနှင့် သဘာမြေသြဇာအချိုးကျ ကြဲပက်ပွဲနှင့်သဘာ၀မြေသြဇာပြုလုပ်နည်း နည်းပညာများဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပူတာအိုဒေသဝမ်းစာ ဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် (၃)ဧကစိုက်ခင်းအား ဓာတ်မြေသြဇာတစ်ဆ+ သဘာဝမြေသြဇာသုံးဆ အချိုးကျကြဲပက်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အင်ဘူးဘော့ကျေးရွာ တောင်သူ ဦးကကျူးလဂျာ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်