ချီဖွေမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (စစ်ရှောင်ကျောင်း)၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ချီဖွေ ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (စစ်ရှောင်ကျောင်း)၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့  နံနက် (၁၁) နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ဉာဏ၊ စာရိတ္တ၊မိတ္တ၊ဘောဂဆိုတဲ့ ဗလငါးတန်နှင့် ပြည့်စုံစေရန် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေး အတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်၊ အခုလို အရွယ်မှစ၍ ရည်မှန်းချက်ထားပြီး ကိုယ်ရဲ့ရည်မှန်းချက် အောင်မြင်ရန်အတွက် ကြိုးစားအားထုတ်သွားရမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ၊ အသိပညာများ ရရှိစေရန် သုတ၊ ရသစာအုပ်စာစောင်များ ပြသပြီး စာအုပ်စာစောင် များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ယော်ကိ (ပြန်/ဆက်)