ဝိုင်းမော် ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ဒုတိယ ရဲမှူး သိန်းထိုက်အေးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ် အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ အကြောင်းတို့ကို လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများအား လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပြဋ္ဌာန်းချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဖြူစင်(ပြန်/ဆက်)