ကချင်ပြည်နယ်

မြစ်ကြီးနားတက္ကသိုလ်၌ လူငယ်သီတင်းပတ်အဖြစ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု လူငယ်နှင့်ဉာဏဗလ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းဖတ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Fair Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လူငယ်နှင့်ဉာဏဗလဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဗဟိုခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ၊ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်ရည်ရွယ်၍ ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် ဒေါက်တာခင်မောင်ညိုရေးသားထားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပါသည်။

မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနက အရောင်းနှင့် ဝန်ဆောင်မှုပြေစာများပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်နိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်များ ရောင်းချလျက်ရှိသော ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းကို ဥပဒေနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဆိုင်ရာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း) ဗိုလ်မှူးချုပ်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ(၁)နာရီက ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း) ဗိုလ်မှူးချုပ်မြတ်မင်းမိုးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍ‌ရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်မှ ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

မိုးညှင်းဂေါက်ကလပ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မိုးညှင်းဂေါက်ကလပ် ဂေါက်သီး ရိုက်သူများအဖွဲ့(Golfer)နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီက ဂေါက်ကလပ်ကွင်း၌ အရိပ်ရနှစ်ရှည်ပင် (၄၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေသြဇာကြဲပက်ပွဲသို့ တက်ရောက်အားပေးခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဖော်ထုတ်ထားသည့် ဧက ၁၀၀ စနစ်ကျစက်မှုလယ်ယာအတွင်း မိုးစပါးစိုက်ပျိုးဆောင်ရွက်ထားပြီး ဖြစ်ရာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ မိုးစပါးစိုက်ကွင်းအတွင်း စူပါအီးအမ်ဘိုကာရှီ သဘာဝမြေသြဇာကြဲပက်ပွဲကို ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက် နိုင်ရန်နှင့် သက်သာဈေးများ စနစ်တကျ ဖွင့်လှစ်ရောင်းချပေး သွားမည်

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက် နိုင်ရန်နှင့် သက်သာဈေးများ စနစ်တကျဖွင့်လှစ်နိုင် ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသတွင်းရှိ ဆက်စပ်အသင်းအဖွဲ့များက လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်