ကချင်ပြည်နယ်

မချမ်းဘောမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှအသက်(၂)နှစ် အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကလေးများ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ ဘောလုံးဒိုင်လူကြီးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စည်းကမ်းပြည့်ဝ၍ အရည်အချင်းပြည့်မီသော ဒိုင်လူကြီး ကောင်းများ ပေါ်ထွက်လာပြီး မြို့နယ်အတွင်း ကျင်းပသော ဘောလုံးပွဲများတွင် စည်းကမ်း သေသပ်စွာ ကျင်းပနိုင်ရန်နှင့် မြို့နယ်အတွင်း ပြိုင်ပွဲများမှ အဆင့်အတန်းမြင့်သော ပြိုင်ပွဲများအထိ သွားရောက် တာဝန်ထမ်းဆောင်နိုင်သော ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် Putao Old Star အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ဘောလုံးဒိုင် လူကြီးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဘောလုံးအသင်းသစ် မိတ်ဆက်ပွဲ၊ ကလပ်ပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် ကချင် တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် Y.F.T (Youth Future Treasure) FC အသင်းမိတ်ဆက်ပွဲနှင့် ကလပ် ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ငြိမ်းချမ်း သာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးသည်။

ကချင်ပြည်နယ်အတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်း‌ဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ‌ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများဖြေရှင်းဆောင်ရွက် မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုနိုင်ရေးအတွက် ပြည်နယ်လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သြဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မချမ်းဘောမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာ တွဲဖက် အသုံးပြုနည်း၊ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းပညာပေးခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင်  ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရန်နှင့် စိုက်ပျိုးသီးနှံတိုင်း သွင်းအားစု ဓာတ်မြေသြ ဇာနှင့် သဘာဝမြေသြဇာတို့ ကိုအချိုးကျသုံးစွဲတတ်စေရန်၊ မိမိဒေသထွက်ပစ္စည်းများဖြင့် သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုတတ်လာစေရန်

ကချင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သြဂုတ်လအထိ (၁၁၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း များအစီအစဉ်တွင် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆု ကိုရရှိခဲ့

ကချင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သြဂုတ်လအထိ ၁၁၁ ကြိမ်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် သန့်ရှင်း၍ စိမ်းလန်း စိုပြေသောကျောင်းများ အစီအစဉ်တွင် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆုကို ရရှိခဲ့ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည့် ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး မှသိရှိရသည်။

မိုးညှင်းမြို့၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် တွင်းနက်တူးဖော်ခြင်း ရေရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တကွင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အား စိစစ်ရွေးချယ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) အား ရွေးချယ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့နယ်၌ စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကြဲပက်ခြင်းကွင်းသရုပ်ပြသဆောင်ရွက်

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် တောင်သူများအား မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ် စိုက်ခင်းအား စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကွင်းသရုပ်ပြကြဲပက်ခြင်းကို ဩဂုတ်(၃၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းရှိ မြို့နယ်စိုက်ပျိုးရေးဌာနပိုင် လယ်မြေငါးဧက၌ ကျင်းပသည်။

လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်းတွင် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကို ဩဂုတ်လ ၃၀ ရက် နံနက် ၉ နာရီ ခွဲက ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်