ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နေပြည်သူများအား အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုနှင့် ပန်းမြို့တော်စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် ပျိုးပင်များအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနားမြို့နေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ် ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည် ကြီးများ အသင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ဈေး၌ ရောင်းချရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးသည်။