မချမ်းဘောမြို့၌ သက်သာချောင်ချိရေး သားငါးနှင့် အခြေခံစားသောက်ကုန် အခွန်လွတ်စျေးတန်းဖွင့်လှစ်

မချမ်းဘော စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဥ်အင်္ဂါနေ့ သက်သာချောင်ချိရေး သားငါးနှင့် အခြေခံစားသောက်ကုန် အခွန်လွတ်စျေးတန်းကို ယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

သက်သာချောင်ချိရေး အခွန်လွတ်စျေးတန်းတွင် ဆီတစ်ပိဿာ ၉၅၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၃၀၀ကျပ်၊ ငါး တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ကြက်သား(ဥတုံး)တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ ကျပ်၊ ဒေသထွက် ဟင်းသီးဟင်းရွက်များကိုလည်း တစ်ပုံလျှင် ၅၀၀ ကျပ်၊ တစ်စီးလျှင် ၅၀၀ ကျပ်နှင့် အခြားသော အခြေခံစားသောက်ကုန်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ သေခံပြည်သူ နှင့် ဝန်ထမ်းများ ၃၀၀ ဦးခန့် လာ ရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခွန်လွတ်စျေးတန်းကို အပတ်စဥ်အင်္ဂါတိုင်း နံနက် ၆ နာရီမှ နံနက် ၇ နာရီထိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝင်းအတွင်း၌ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)