ကာမိုင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်​ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

ကာမိုင်း စက်တင်ဘာ ၁၁ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား လစဥ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့‌ ကြောင်း သိရသည်။ 

အဆိုပါ ဆေးထိုးနှံရာတွင် ကာမိုင်းမြို့မိခင်နှင့် ကလေးစောင်ရှောက်ရေးဌာနမှ ကျန်မားရေးဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယိုကာကွယ်ဆေး၊ ဝမ်းလျှောဝမ်းပျက်ကာကွယ်ဆေး၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား​မေခိုင် ကာကွယ်ဆေးထိုးပေး ခြင်းနှင့် မွေးစာရင်းထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး​ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပံ့ပို့ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

လဆိုင်း(ပြန်/ဆက်)