မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပ သည်။

ရှေးဦးစွာ ဂျူဒိုသင်တန်းသား/သူများက အခြေခံကျနည်း (၇) မျိုး၊ ဂျွန်းထိုးနည်း၊ ချုပ်နည်းနှင့် ကိုင်ပေါက်နည်းများဖြင့် သရုပ်ပြသခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇင်မာလတ်က သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ဂျူဒိုသင်တန်းသား/သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁၁ ရက်‌နေ့အထိ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား/ သူ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)