မချမ်းဘော စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အထက (မချမ်းဘော) ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ကအဖွင့်အမှာစကား ပြောကြား ပြီး ဘောလုံးအားကစားပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် အသင်း(၉)သင်းမှ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်များရွတ်ဆိုကာ ဘောလုံးအားကစားပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်များက အားကစားပြိုင်ပွဲ တစ်လျှောက်လုံးတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဥ်အဖြစ် အုပ်စု(က) အလန်ဂါးအသင်းနှင့် အင်ဘူးဘော့အသင်းတို့ ယှဥ်ပြိုင် ကစားခဲ့ရာ အလန်းဂါးအသင်းက အင်ဘူးဘော့အသင်းကို လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရကစားခဲ့ကြောင်း သိရ သည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲများကို ဒေသခံလူငယ်များအား အားကစားကိုပိုမိုစိတ်ဝင်စားလာပြီး ကိုယ် ကာယကျန်းမာကြံ့ခိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရှောင်ရှားနိုင်ရန်နှင့် မြို့နယ်ဂုဏ်ဆောင် နိုင်သော အားကစားသမားများ ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းပြီး စက်တင်တာလ ၁၂ရက် နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း ၉ သင်းက ပါဝင်ယှဥ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)