မြစ်ကြီးနား စက်တင်ဘာ ၁၂
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်အသင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန မုံလုံလေလုံခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပ သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမျိုးသားဗိုလ်လှ ပွဲစဉ်အဖြစ် မိုးကောင်း(ပင်းဘော) အသင်းနှင့် ဘက်လင်အသင်း တို့ယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆု၊ ဒုတယဆုနှင့် အကာင်းဆုံး အားကစားသမားများ အား ဂုဏ်ပြုဆုတံဆိပ်များ၊ တစ်ဦးချင်း လည်ဆွဲများနှင့် ငွေသားဆုများကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် ပြည်နယ်အတွင်းရှိ အမျိုးသားကလပ်အသင်း ပေါင်း (၁၂)သင်း၊ အမျိုးသမီး ကလပ်အသင်းပေါင်း (၇) သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားပြိုင်ပွဲတွင် ဘက်လင်အသင်းက ပထမဆုကို လည်းကောင်း၊ မိုးကောင်း(ပင်းဘော) အသင်းက ဒုတိယဆု ကို လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် လီဆူ(မြစ်ကြီးနား)အသင်းက ပထမဆုကို လည်းကောင်း၊ မိုးကောင်း(ပင်းဘော) အသင်းက ဒုတိယဆု ကို လည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)