ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၂
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်း အဆင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူ (၁၅)ဦးတို့မှ ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ကာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အခြေခံပညာအထက်တန်း ကျောင်း" မရန်ယောရှု" ဆောင်၌ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)