ကချင်ပြည်နယ်

ချီဖွေမြို့နယ်၊ အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချီဖွေမြို့နယ် အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် မိုးစပါး ၃၇၂၈၈ ဧက စိုက်ပျိုးပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားချက်ပြည့်မီ အောင် စိုက်ပျိုးနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ ယခုနှစ် မိုးစပါးစိုက်ဧက(၃၇၀၆၀)ဧကလျာထားခဲ့ပြီး (၃၇၂၈၈)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်နေ ပြည်သူများအတွက် သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင်ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့၊ ပမ္မတီးရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။

ဗန်းမော်မြို့တွင် စက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ မံရေးခေတ်မီစံပြကျေးရွာ အစည်းအဝေး ခန်းမ၌ စက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့ အ.မ.က သာယာ(၁)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတတိုးပွားလာစေရန် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က အခြေခံပညာမူလတန်း သာယာ(၁)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကံပိုင်တည်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တိုက်နယ်ဆေးရုံ၌ အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် မူကြိုကျောင်းများ၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဗန်းမော်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။

မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရွှေကူမြို့၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သေးသော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခန့်က စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်း

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း (၂၀)ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင် ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်