ပူတာအိုဒေသတွင် သဘာဝအလျောက်ပေါက်ရောက်သော “ဘေချီဉ” များအား ရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရရှိ
မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ရှားပါးသည့် သဘာဝဆေးမြစ်၊ ဆေးဉများ ထွက်ရှိသည့် ဒေသဖြစ်ပြီး ပူတာအို ဒေသရေခဲတောင်များတွင် ရှီးပတီး၊ ခမ်းတောက်မြစ်၊ ရှားချီစသည့် အဖိုးတန်သဘာဝဆေးမြစ်၊ ဆေးဉများထွက်ရှိသည့်အပြင် သဘာဝ အလျောက် ပေါက်ရောက်သည့် “ဘေချီဉ” များအား အသက်နှင့်ရင်းပြီး ရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရှာဖွေကြ ရကြောင်း သိရသည်။