တနိုင်း စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတတိုးပွားလာစေရန် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က အခြေခံပညာမူလတန်း သာယာ(၁)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား သုတရသ စာအုပ်စာစောင် (၅၀) အား သက်မှတ်စည်းကမ်းချက်များနှင့် အညီ ငှားရမ်းပေးခဲ့ကြပြီး ကျောင်းသား/သူများက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)