တနိုင်းမြို့၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မူလွန်-ဒူးကောင်းရပ်ကွက်၌ ကျင်းပပြုလုပ်ရာ G-6 ကျောင်းသား/ သူများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော် ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။