တနိုင်းမြို့၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တနိုင်း     ဇန်နဝါရီ   ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မူလွန်-ဒူးကောင်းရပ်ကွက်၌ ကျင်းပပြုလုပ်ရာ G-6 ကျောင်းသား/ သူများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော် ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် တနိုင်းခရိုင်ပညာရေးမှူး ဦးအောင်ဆွေ က အဖွင့်အမှာစကားပြောကြားပြီး မူလွန်-ဒူးကောင်းကျောင်းအုပ်ဆရာကြီး ဦးလတ်တောင် က ဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့သည်။

ထို့နောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊အာဇာနည်နေ့အထိမ်းအမှတ်၊  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့စသည့်အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့်စာပေဘာသာထူးချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက   ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသူ/သားလေးများက အကဖွဲ့လိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေ ခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မနောမြေ(တနိုင်း)