မြစ်ကြီးနားမြို့ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ယနေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က ဟောပြောပွဲ ကျင်းပရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက ကျောင်းသား/သူများ သိသင့်သိထိုက်သည်များအား အသိပညာပေး ဟောပြောပြီး စာရေးဆရာအကြီးကိုကို (ကသာ) က အနာဂတ်အတွက်စာဖတ်ပါ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိ လိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့သည်။

ဆက်လက်၍ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) နှင့် ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကျောင်း စာကြည့်တိုက်အတွက် သုတ ရသစာအုပ်စာစောင်များ လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက လက်ခံရယူခဲ့သည်။

ခရိုင်(ပြန်/ဆက်)