ဖားကန့်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ အာဟာရကျွေးမွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်

ဖားကန့် ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီ ဦးဆောင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုး/အဘွားများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ၊ အာဟာရကျွေးမွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီ ဦးဆောင်ကာ ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပင်စင်လစာ လာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုး/အဘွား (၇၆)ဦးအား သွေးတိုး၊ ဆီချိုများရှိ/မရှိ တိုင်းတာပေး၍ လိုအပ်သူများအား သွေးတိုးကျဆေးနှင့် ဆီးချိုကျ ဆေးများ၊ အားဆေးများဝေငှပေးခြင်း၊ အာဟာမုန့်များ ကျွေးမွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုး/အဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု ပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ (၃)ရက်တိတိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နောက်လများတွင်လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့် (ပြန်/ဆက်)