ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်း ငါးမွေးမြူရေး လုပ်ငန်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ဝတ်စုံနှင့် ထောက်ပံ့ငွေများ
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနား မြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်းပုံကျေးရွာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။