နောင်မွန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်လှစ်
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးဆိုင်ရာလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စနစ်ကျပြီး အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။