မြစ်ကြီးနား မေ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများအား မေလ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ သတ်မှတ်နေရာ အသီးသီးတွင် တက္ကသိုလ်ပါမောက္ခများက Face to Face သင်ကြားပေးလျက်ရှိသည်။
အဆိုပါ Face to Face သင်ကြားပေးရာတွင် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျောင်းသား/ကျောင်းသူ (၉၉၇)ဦး၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် (၄၅၈)ဦးနှင့် ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမတွင် (၉၈၅)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၂၄၄၀) ဦးတက်ရောက်လျက်ရှိပြီး မြစ်ကြီးနား တက္ကသိုလ်မှ ပါမောက္ခများက သက်ဆိုင်ရာဘာသာရပ်အလိုက် မေလ (၂) ရက်နေ့မှ (၃) ရက်နေ့ အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများအား Grade-12 သင်ဆရာ/ဆရာမများက မေလ ၅ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့ အထိ သက်ဆိုင်ရာကျောင်းများတွင် ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကိုယ်ပိုင်စာကြည့်ချိန်များအဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)