ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေပေးအပ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသစားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပူတာအိုခရိုင်သို့ရောက်ရှိနေသော ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီကမြို့ နယ်သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။