မိုးညှင်း ဧပြီ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြာရာတွင် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဖွံဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် နည်းလမ်းများစွာဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်များ၏ ယခုဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကိုလည်း မြို့နယ်သာယာဝပြော ဖွံ့ဖြိုးတိုး တက်ရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ရည်မှန်းချက်များထားရှိပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များ၊ ဦးတည်ချက်များနှင့်အညီ လူမှုစီးပွားဖွံဖြိုးတိုးတက်မှု အထောက်အကူပြု လုပ်ငန်းစီမံကိန်းများကို ဦးစားပေးလျာထားပြီးဖြစ်သည့်အတွက် ယခုဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌက မြို့နယ်အလိုက်ယခုဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းတာဝန်အားပေးအပ်ရာတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများကို လည်းကောင်း၊ ဒေသန္တရစီမံကိန်းများအား တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများကိုယ်စား ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးကိုလည်း ကောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု အစီအစဉ်များကို တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများကိုယ်စား ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။ ရွှေမိုးညှင်း