မြစ်ကြီးနား ဧပြီ ၃၀
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနမှ Grade-12 သင် ဆရာ/ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက် Revis-ion ပြန်လည်ဆွေးနွေးပို့ချခြင်းကို ဧပြီ ၂၈ ရက်နေ့က စတင်၍ သတ်မှတ်နေရာအသီးသီး၌ ဆွေးနွေးပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် ပင်မ ဆောင်၌ ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက Virtual Zoom Meeting ကို အသုံးပြု၍ Online Learning စနစ်ဖြင့် ပြန်လည်ဆွေးနွေးပို့ချခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမ၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ Grade-12 သင် ဆရာ/ ဆရာမများက တက္ကသိုလ်ပါမောက္ခဌာနမှူးများ၏ Virtual Zoom Meeting ဖြင့် Grade-12 စာမေးပွဲအတွက် Revision ပြန်လည်ဆွေးနွေးပို့ချပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုကို လှည့် လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကြီးကြပ်ရေးမှူးရုံးခန်း၌ Grade-12 စာမေးပွဲဖြေဆိုကြမည့် ကျောင်း သား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမည်ဖြစ်သော်လည်း မိမိတို့ ပြည်နယ်၏ ဘာသာရပ်အလိုက် ဂုဏ်ထူးများအောင်မြင်နိုင်ရေး ဒုတိယအကြိမ် အခွင့်အရေးအဖြစ် မှတ်ယူ၍ ကြိုးစားဖြေဆိုကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။
ကချင်ပြည်နယ်အနေဖြင့် အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ကျောင်းသား/ ကျောင်းသူ (၈၆၉၈)ဦးဖြင့် အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သော်လည်း မတ်လ ၂၈ ရက်နေ့က မန္တလေးမြေငလျင်လှုပ်ခဲ့မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သဖြင့် ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေများတွင် (၁၆-၆-၂၀၂၅)ရက်နေ့မှ (၂၁-၆-၂၀၂၅) ရက်နေ့အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို၊ ဖားကန့်၊ တနိုင်း၊ ရွှေကူမြို့နယ်များတွင် Grade-12 သင် ဆရာ/ ဆရာမများအား စုဖွဲ့၍ ပြန်လည်ဆွေးနွေးပို့ချပေးခြင်းဖြစ်ပြီး ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား အဆိုပါ ဆရာ/ ဆရာမများက Face to Face သင်ကြားခြင်းကို မေလ ၂ ရက်နေ့မှ စတင်၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု၊ နောင်ပုံ (နယ်မြေ-၇)အတွင်းရှိ ပိုင်ရှင် ဦးဇော်ဆိုင်း ၏ ခြံဧက ၂၀ အတွင်း ဟင်းသီးဟင်းရွက်၊ ဖူးစားပြောင်းများနှင့် နွားကောင်ရေ (၁၀၀)ကျော် မွေးမြူ နိုင်ရေးအတွက် နွားခြံသစ် တည်ဆောက်ထားရှိမှု အခြေအနေများ၊ အသားစားကြက်များ မွေးမြူနိုင် ရေးအတွက် မြေယာပြုပြင်၍ ကြက်ခြံများ တည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခြံဝင်းအတွင်း တိရစ္ဆာန်အစာအတွက် ပြောင်းနှင့် အခြားအပင်များ စိုက်ပျိုး နိုင်ရေး လယ်မြေစနစ်တကျ ဖော်ထုတ်ပေးနိုင်ရေးနှင့် စိုက်ပျိုးရေလိုအပ်ချက်အတွက် ဆိုလာစက်ရေ တွင်း တူးဖော်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တပ်ကုန်းရပ်ကွက် (ကြာရာပတ္တီးနယ်မြေ) အတွင်း အဆိုပါပိုင်ရှင် ဦးဇော်ဆိုင်း ပိုင် မြေဧရိယာ (၅)ဧကပေါ်တွင် တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နိုင်ရေး လျာထားမှု အခြေအ နေများကို လည်းကောင်း၊ မွေးမြူရေးတိရစ္ဆာန်အညစ်အကြေးများဖြင့် ဘိုကာရှီမြေဆွေးပြုလုပ်၍ သဘာဝမြေသြဇာ ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ ဒေသကြက်မွေးမြူရေးခြံအခြေ အနေအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်း၌ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက ဦးဆောင်၍ ပြည်သူ့ဆေးရုံကြီး သွေးလှူ ဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် စီတာပူနှစ်ခြင်းခရစ်ယာန်အသင်းတော် နွေရာသီသင်တန်းမှ လူငယ်များပူးပေါင်း၍ အဆိုပါရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေး အတွက် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဖြူးပေးခြင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင် ဒေးရှင်းအတွက် ငွေကျပ်သိန်း (၂၀)၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် (၅)သိန်းနှင့် နွေသင် တန်းမှ လူငယ်များအတွက် ငွေကျပ် (၁၀)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)