မိုးကောင်းမြို့၌ တက္ကသိုလ်ပါမောက္ခများမှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား Face to face သင်ကြားပို့ချ

မိုးကောင်း မေ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Grade 12 ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပါမောက္ခများမှ Face to Face သင်ကြားပို့ချခြင်းကို အ.ထ.က(၂)ကျောင်း ရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီတွင်ပြုလုပ်သည်။

အဆိုသင်ကြားပို့ချခြင်းကို မေ(၂)ရက်မှ (၄)ရက်ထိ နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီခွဲထိ ဆောင်ရွက်မည်ဖြစ်ပြီး အ.ထ.က-ပင်းဘောကျောင်း၌လည်း တစ်ပါတည်း သင်ကြားပို့ချနေကြောင်း သိရသည်။

မိုးညှင်ခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅ ခုနှစ် Grade 12 စာမေးပွဲပြန်လည်ဖြေဆိုမှုကို ဖားကန့်မြို့နယ် စာစစ်ဌာနအပါအဝင် စာစစ်ဌာန(၃)ခုဖြင့် ပြုလုပ်မည်ဖြစ်ပြီး မိုးကောင်းမြို့ရှိ ကျောင်းသား၊ ကျောင်းသူ(၅၀၂)ဦး၊ အ.ထ.က-နမ္မတီးမှ(၂၃၃)ဦး အ.ထ.က-ပင်းဘောမှ (၂၂၁)ဦးနှင့် ဖားကန့်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၂၄၈)ဦး၊ ကာမိုင်းမြို့မှ(၁၄၈)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၃၈၈)ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 

သန်းလွင်ဦး(ပြန်/ဆက်)