နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံ ၊ ဆည်ရေသောက် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမင်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာရှိ တောင်သူများအား ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။