နေပြည်တော်ကောင်စီဝင် ဦးမင်းဦး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် ဆင်းသုခမျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနံပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၄၂ ရှိ တောင်သူ ဦးတင်ထွန်း၏ မိုးစပါးစိုက်ဧက နှစ်ဧကတွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် ဆင်းသုခမျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။