တပ်ကုန်းမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

တပ်ကုန်း ဩဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ ဂတ်ချိုင်းကျေးရွာတွင် ရွှေမြို့နယ်မြေရဲစခန်းမှ ဦးဆောင်ကျင်းပသည့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ နိဗ္ဗာန်လမ်းပြဓမ္မာရုံတွင် ကျင်းပခဲ့ရာ ဒေသခံပြည်သူ ၁၀၅ ဦး တက်ရောက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ထွန်းနိုင်ဝင်းက အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပါဝင်ပတ်သက်မှုမရှိစေရေး၊ အကြမ်းဖက်အမှုများ၊ အကြမ်းဖက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့်ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဟောပြော၍လည်းကောင်း၊ လူမှုကွန်ရက်အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများမဖြစ်ပေါ်စေရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုများမှ ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် လက်တွဲကူညီဆောင်ရွက်ပေးရေး ဟောပြောဆွေးနွေးခဲ့ပြီးနောက်  လက်ကမ်းစာစောင်များ ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်