လယ်ဝေးမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေး

လယ်ဝေး စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နည်းပညာပေး ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် ပညာရှင်များက ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှု လျှော့ချရေးတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။ အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)နှင့်တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ ဝန်ထမ်းများ၊ ပိုးသတ်ဆေး အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် လယ်ဝေး၊ ပျဉ်းမနား၊ ဇဗ္ဗူသီရိ၊ ဒက္ခိဏသီရိမြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)