ပုဗ္ဗသီရိ စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသော စိတ်ခွန်အားဖြည့် စာစုများဖြစ်သည့် “လူငယ်တွေကို လမ်းဖွင့်ပေးပါ” ဆိုသည့် ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးကာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက ယင်းစာအုပ်မှ မိမိတို့ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များကို ရွေးချယ်ဖတ်ကြားဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)