ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ကျောင်းတွင်း အာဟာရကျွေး

ပုဗ္ဗသီရိ  စက်တင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းနေ အရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းဆောင်ရွက်ရာတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ ဇော်ဝင်းမြင့်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာသိမ့်သိမ့်ထွေး၊ မြို့နယ်သူနာပြုအဆင့် (၁) ဒေါ်မိုးမိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက KG ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆၁ ဦးအား ပထမအကြိမ်တွင်လည်းကောင်း၊ ယခု ဒုတိယ အကြိမ်အဖြစ် ကျွေးမွေးခြင်းတွင် အင်အားဓာတ်၊ အသားဓာတ်၊ ပြည့်ဝစေသော ခေါက်ဆွဲကြော်၊ ကြက်သားစွပ်ပြုတ်၊ ဖီးကြမ်းငှက်ပျောသီး ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါ အစရှိသည်များကို ကျောင်းတွင်း အာဟာရအဖြစ် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။ 

နန်းရွှေရတီ (ပြန်/ဆက်)