ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၉၄၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထုတ်ယူရာတွင် သက်ကြီးဘိုးဘွားများ အခက်အခဲမရှိစေရေး ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၉၄၁ ဦးအတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့‌ငွေစုစုပေါင်း ကျပ် (၅၆,၂၂၀,၀၀၀) ကို ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)