ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်မှကာကွယ်နိုင်‌စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ အမျိုးသားစာပေဆုရှင် ဒေါက်တာအောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူကုန်ကူးမှုဟူသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ ယနေ့ဟောပြောပွဲတွင် လူကုန်ကူးသူများ၏ သဘောသဘာဝများကို မည်ကဲ့သို့ရှောင်ရှား ကာကွယ်ရမည်ဆိုသည့်အချက်များကို သိရှိခွင့်မည်ဖြစ်သည့်အတွက် ရရှိလာသည့် အသိပညာများကို ကိုယ်တိုင်သုံးသပ်ပြီး မိမိပတ်ဝန်းကျင်ကို ပြန်လည်မျှဝေပေးစေလိုကြောင်း  ပြောကြားသည်။

ထို့နောက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ သဘာဝက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး စာရေးဆရာအိုင်ပီ (မျိုးအောင်)က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနည်းလမ်းများ၊ ကိုယ်တွေ့အဖြစ်အပျက်များ၊ ကာကွယ်ရှောင်ရှားနိုင်မည့် နည်းလမ်းများ၊ သတိထားရမည့်အချက်များကို ရှင်းလင်းဟောပြောသည်။

အခမ်းအနားအပြီးတွင် ဒက္ခိခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)