နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ နယ်မြေ(၁၁)၊ အမှတ်(၁၃၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် စားဖိုဆောင်သုံးပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ခုတင်(၂၀၀)ပြည်သူ့ဆေးရုံးကြီးဝင်းအတွင်း ဌာနဆိုင်ူရာများ၊ တပ်မတော်သားများနှင့် ကျန်းမာရေးဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး သန့်ရှင်းရေးဆောင်ရွက်သူများအတွက် အာဟာရဖြည့်အချိုရည်များ ပေးအပ်ပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် စားဖိုဆောင်သုံးပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရ သည်။
ဟိန်းခန့်ဇော် (ပြန်/ဆက်)