ဇမ္ဗူသီရိမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄၀) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းမမဦးက ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအကြောင်း၊ တက်ရောက်နိုင်မည့် အသေးစိတ်အချက်အလက်များအား အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီမြင့်အား အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)