တပ်ကုန်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဌာန ငလျင်ဘေး အန္တရာယ်ခံစားရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဌာန ငလျင်ဘေးအန္တရာယ်ခံစားရသော အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်၊ မြို့လည်သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။